A d v e r t i s e m e n t With Us

မြန်မာ ယူ-၁၉ အသင်း ရွှေတိဂုံစေတီတော်ကို ဖူးမြော် (ဓာတ်ပုံ)

အာရှ ယူ-၁၉ ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းဟာ ဒီနေ့မနက် ၁၀ နာရီက ရွှေတိဂုံစေတီတော်မြတ်ကို တက်ရာက် ဖူးမြော်ခဲ့ကြပါတယ်။ ယူ-၁၉ အသင်းသားတွေဟာ ရွှေတိဂုံ စေတီတော် ရင်ပြင်တော်ပေါ်ရှိ အောင်မြေမှာ အဓိဋ္ဌာန်ပြု ဆုတောင်းခဲ့ကြပြီး မြောက်ဘက်မုခ် အနီးရှိ လောကပါလ ယက္ခမယ်တော်ကြီး ထံမှာလည်း ဆုပန်ခဲ့ကြသည်။ မြန်မာ ယူ-၁၉ အသင်းဟာ ဒီနေ့ညနေ ၆း၃၀ နာရီ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ဘရူနိုင်းအသင်းနဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(ဆ) အဖွင့်ပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - မြန်မာဘောလုံးအဖွဲ့ချုပ်  

A d v e r t i s e m e n t With Us

More News
Up