A d v e r t i s e m e n t With Us

လူတဦးတည်းက ဂီတတူရိယာ ၉၀ ကို တီးမှုတ်ပြသ (ရုပ်သံ)

လူတဦးတည်းက ဂီတတူရိယာ ၉၀ ကို တီးမှုတ်ပြတာမျိုး အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ထဲက ပြတိုက်မှာ တွေ့နိုင်ပါတယ်။ သီချင်းတပုဒ်တည်းမှာ တူရိယာ ၉၀ ကို တီးပြသွားတဲ့ ဗွီဒီယိုဟာ လူမှုကွန်ရက် မီဒီယာပေါ်ကို ရောက်ပြီး အခု အတော်ပျံ့နှံ့နေပါတယ်။ ဂျိုးပန်နာဆိုတဲ့ ဂီတ၀ါသနာရှင်ကို ဖီးနစ် (Phoenix) မြို့ ဂီတပြတိုက်က ဖိတ်ခေါ်ပြီး ပြတိုက်မှာ စုဆောင်းထားတဲ့ တူရိယာ ၆၀၀၀ ကျော်ထဲက စိတ်ကြိုက်ရွေးပြီး တီးခတ်စေတာလို့ ဆိုပါတယ်။ အခု ဗွီဒီယိုထဲမှာ မြင်ရတာကတော့ ဂျိုးပန်နာက 'Misirlou' ဆိုတဲ့ ရိုးရာသီချင်းတပုဒ်ကို တီးခတ်တာ ဖြစ်ပါတယ်။ သီချင်းရဲ့ မူလဇစ်မြစ်က ဂရိ၊ တူရကီ၊ အီဂျစ်တို့လို မြေထဲပင်လယ်ဒေသထဲက ဖြစ်ပါတယ်။ ပန်နာက ဘင်ဂျို၊ တယော၊ ပါရှန်း စောင်း အပါအ၀င် တူရိယာ အမျိုးပေါင်း ၉၀ တိတိကို တီးမှုတ်ပြသွားပါတယ်။ လူမှုကွန်ရက် မီဒီယာပေါ်မှာ အဲဒီဗွီဒီယိုကို ကြည့်ရှုသူ ၃ သိန်းကျော်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up