A d v e r t i s e m e n t With Us

ရွှေညောင် သပိတ်ဆွမ်းလောင်းလှူပွဲ (သတင်း ဓာတ်ပုံ)

ရှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ တောင်နီ၊ တောင်ကြီးက စာသင်တိုက်  ၁၀၀ ကျော်က သံဃာတော် ၁၅၀၀ ကို တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ဒက္ခိဏာရာမ ပရိယတ္တိ စာသင်တိုက်မှာ သပိတ်ဆွမ်းလောင်းလှူခဲ့ကြပါတယ်။ စက်တင်ဘာ ၂၈ ရက် တော်သလင်းလပြည့်နေ့တိုင်း ဒီပွဲတော်ကို ကျင်းပခဲ့တာ ၂၉ ကြိမ်ရှိသွားပြီဖြစ်သလို ဘုရား၊ ရှင်သီဝလီ၊ ရှင်ဥပဂုတ္တတို့ကို မဲဖောက်ပြီး ကျောင်းထိုင် ဆရာတော်တွေနဲ့ သံဃာတော်တွေကို လှူဖွယ် သပိတ်တွေ မဲဖောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အလှူအတွက် ခန့်မှန်းလှူဒါန်းငွေ သိန်း ၈၅၀ ရှိတယ်လို့ ဆိုပါတယ်။  

A d v e r t i s e m e n t With Us

More News
Up