A d v e r t i s e m e n t With Us

ဒေါက်တာညိုညိုသင်း လွှတ်တော်ဖွဲ့စည်းပုံနှင့် ဆန္ဒမဲပေးနည်း လိုက်လံရှင်းလင်း (ဓာတ်ပုံ)

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာညိုညိုသင်း ဒီကနေ့ မနက်ပိုင်းမှာ ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက်အတွင်း သွားရောက်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ အခုလို မဲဆွယ်စည်းရုံးရာမှာ လွှတ်တော်ဖွဲ့စည်းပုံနဲ့ ဆန္ဒမဲပေးနည်းတွေကို လက်တွေ့ဆန်ဆန် လိုက်လံရှင်းပြခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းလွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေ အပါအ၀င် စုစုပေါင်း အမတ်နေရာ ၁၄၉ နေရာရှိပြီး တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေကတော့ တိုင်းဒေသကြီးမှာ ၂၃ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၂၆ ဦး၊ အမျိုးသားလွှတ်တော်အတွက်၂ ဦးတို့ ရှိပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကတော့ နေရာအပြည့် ၀င်ပြိုင်နိုင်ကြတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း  

A d v e r t i s e m e n t With Us

More News
Up