ချန်ပီယံလိဂ်ပွဲစဉ် ပေါ်တို ၂ – ၁ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ်ပွဲစဉ် အုပ်စု ဂျီက ပေါ်တိုနဲ့ ချဲလ်ဆီးတို့ စက်တင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင် ကစားကြရာ အိမ်ရှင် ပေါ်တိုအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပေါ်တိုအသင်းအတွက် ဂိုးတွေကို ပထမပိုင်း ၃၉ မိနစ်မှာ အန်ဒရေနဲ့ ဒုတိယပိုင်း ၅၂ မိနစ်မှာ မိုင်ကွန်တို့က သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုး ၁ ဂိုးကို ပထမပိုင်း ပြီးခါနီး ၄၅ မိနစ်မှာ ၀ီလျံက ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့တာပါ။ ဒီပွဲရှုံးသွားတဲ့ ချဲလ်ဆီးအသင်းဟာ ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပြီး ပေါ်တိုအသင်းကတော့ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ စက်တင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် တခြားပွဲစဉ်တွေမှာတော့ ဘာစီလိုနာက လေဗာကူစင်ကို ၂ ဂိုး ၁ ဂိုး၊ ဘိတ်က ရိုးမားကို ၃ ဂိုး ၂ ဂိုး၊ ဘိုင်ယန်မြူးနစ်က ဒိုင်နမိုဇာဂရက်ကို ၅ ဂိုး ဂိုးမရှိ၊ ဒိုင်နမိုကိယက်ဗ်က တဲလ်အဗစ်ကို ၂ ဂိုး ဂိုးမရှိ၊ ဗလင်စီယာက လိုင်ယွန်ကို ၁ ဂိုး ဂိုးမရှိ၊ ဇင်းနစ်က ဂျန့်ကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရသွားပါတယ်။ အာဆင်နယ်နဲ့ အိုလံပီယာကော့စ်ပွဲစဉ်မှာတော့ အာဆင်နယ်က ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

More News
Up