A d v e r t i s e m e n t With Us

ဘရာဇီး လိဂ်ပွဲစဉ်တခုတွင် ကွင်းလယ်ဒိုင်က ကစားကွင်းအတွင်း ပစ္စတိုသေနတ် ဆွဲထုတ် (ရုပ်သံ)

စက်တင်ဘာ ၂၈ ရက်နေ့က ကစားခဲ့တဲ့ ဘရာဇီးအဆင့်နိမ့် လိဂ်ပွဲစဉ်တခုမှာ  ကွင်းလယ်ဒိုင်က ကစားကွင်းအတွင်းမှာ ပစ္စတိုသေနတ် ဆွဲထုတ်ခဲ့တာကြောင့် သက်ဆိုင်ရာက အမြန်ထိန်းသိမ်းလိုက်ရပါတယ်။ ဘရူမာဒင်ဟိုမှာ ကျင်းပနေတဲ့ ဒေသတွင်း လိဂ်ပွဲစဉ်တခုမှာ ကွင်းလယ်ဒိုင် ဂါဘရီရယ်မာတာက ကစားသမားတွေကို သေနတ်ဆွဲထုတ်ပြခဲ့လို့ သူ့ကို စည်းကြပ်ဒိုင်နဲ့ ဂိုးသမားက ဖျောင်းဖျပြီး ကွင်းအပြင်ကို ခေါ်သွားခဲ့ရပါတယ်။ ဒိုင်လူကြီးများအဖွဲ့ ဥက္ကဋ္ဌ ဘောဇာနိုကတော့ မာတာကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲပယ်တာ ဒါမှမဟုတ် ထုတ်ပယ်တာတွေကို စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up