A d v e r t i s e m e n t With Us

ဒိန်းမတ်နိုင်ငံတွင် နှစ် ၁၀၀၀ သက်တမ်းရှိလူ့အရိုးစုနှင့် ခေါင်းတလားတွေ့ရှိ (ရုပ်သံ)

ဒိန်းမတ်နိုင်ငံ၊ အိုဒန်ဆာမြို့က စိန့်အယ်လ်ဘန်းဘုရားရှိခိုးကျောင်းအောက်မှာ မြုပ်နှံထားခဲ့တဲ့ နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ လူ့အရိုးစုနဲ့ ခေါင်းတလားကို ရှေးဟောင်းသု တေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါ တယ်။ အဲဒီခေါင်းတလားကို ကျောက်သားတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့မှာ ရှေးဟောင်းသုတေသနပညာရှင်တွေက ထုတ်ဖော်ခဲ့ကြတာပါ။ အဲဒီဒေသမှာ မီးရထားလမ်းဖောက်လုပ်မှုစီမံကိန်းတခုလုပ်ဆောင်နေစဉ်အတွင်း ခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး ပညာရှင်တွေက အဲဒီဒေသကို သမိုင်းပညာရပ်ဆိုင်ရာအရေးကြီး တဲ့ဒေသအဖြစ်သတ်မှတ်ထားပါတယ်။ သမိုင်းပညာရပ်ဆိုင်ရာဘလော့ဂ်မှာ အဲဒီအရိုးစုဟာ အသက် ၃၀ နီးပါး အရွယ် ရှိအမျိုးသားတဦးဖြစ်နိုင်ပြီး အရပ်အမြင့် ၁၈၇ စင်တီမီတာရှိကာ အသေးစိတ်အချက်အလက် တွေကိုတော့ မသိနိုင်သေးကြောင်းဖော်ပြပါတယ်။ လက်ရှိမှာတော့ အဲဒီအရိုးစုနဲ့ခေါင်းတလားကို ဒိန်းမတ်နိုင်ငံတောင်ပိုင်းတက္ကသိုလ်ကို ပြောင်းရွှေ့ထားပြီး စုံစမ်းလေ့လာမှုတွေလုပ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါ တယ်။

A d v e r t i s e m e n t With Us

More News
Up