A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်ပွဲ အာဆင်နယ် ၂ – ၃ အိုလံပီယာကော့စ် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ အိုလံပီယာကော့စ်တို့ စက်တင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်ရာမှာ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ အိုလံပီယာကော့စ်အတွက် ပါဒိုက အဖွင့်ဂိုးသွင်းယူပြီး ၃၅ မိနစ်မှာ ဝေါကော့က အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၄၀ မှာ အာဆင်နယ်ဂိုးသမား အော့စ်ပီနာ ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ပထမပိုင်းအပြီးမှာ အာဆင်နယ်အသင်း ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်စ် ဒုတိယချေပဂိုး သွင်းယူခဲ့ပေမယ့် နောက် ၁ မိနစ်အကြာ ၆၆ မိနစ်မှာ အိုလံပီယာကော့စ်အတွက် ဖင်ဘိုဂါဆန်က အနိုင်ဂိုး သွင်းယူခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ် ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံး ရှုံးနိမ့်တဲ့အတွက် ရမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up