လီဝမ်ဒေါစကီး ဟက်ထရစ်သွင်းပြီး ချန်ပီယံလိဂ်တွင် ဘိုင်ယန် နိုင်ပွဲဆက် (ရုပ်သံဟိုက်လိုက်)

3.7K
စက်တင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ဥရောပ ချန်ပီယံလိဂ်ပွဲစဉ် ဘိုင်ယန်မြူးနစ်နဲ့ ဒိုင်နမို ဇာဂရက်တို့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ ဟက်ထရစ် အပါအ၀င် ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေကို ပထမပိုင်း ၁၃ မိနစ်မှာ ဒေါက်ဂလပ်စ် ကော်စတာ၊ ၂၅ မိနစ်မှာ မာရီယို ဂေါ့ဇီနဲ့ ပွဲချိန် ၂၁ မိနစ်၊ ၂၈ မိနစ်နဲ့ ၅၅ မိနစ်တွေမှာ တိုက်စစ်မှူး လီဝမ်ဒေါစကီးက ဟက်ထရစ် သွင်းယူပြီး ဒိုင်နမိုဇာဂရက်ကို ၅ ဂိုးပြတ် အနိုင်ရသွားတာပါ။
ဒီပွဲအနိုင်ရတဲ့အတွက် ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် အုပ်စု အက်ဖ်မှာ ၂ ပွဲကစား ၆ မှတ်နဲ့ အုပ်စု ထိပ်ဆုံးက ဦးဆောင်နေပါတယ်။