A d v e r t i s e m e n t With Us

ဖေ့စ်ဘွတ်ခ် ခဏတာ ရပ်တန့်မှု အသုံးပြုသူများ ပေါက်ကွဲ

စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ မိနစ် ၄၀ နီးပါး လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် ရပ်တန့်သွားတဲ့အတွက် အသုံးပြုတဲ့သူတွေက ပေါက်ကွဲခဲ့ပါတယ်။ တပတ်အတွင်း ဒုတိယအကြိမ်မြောက် ရပ်တန့်သွားတာဖြစ်ပြီး အရင် ၄ ရက်ခန့်က ၁၂ မိနစ်လောက် ရပ်တန့်သွားတယ်လို့ ၀က်ဆိုက်တွေရဲ့ စွမ်းဆောင်မှုကို ကြည့်ရှုနေတဲ့ currentlydown.com အင်တာနက် စာမျက်နှာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ရေးပါတယ်။ လူတွေက ဖေ့စ်ဘွတ်ခ် ရပ်တန့်သွားတဲ့အတွက် တခြား လူမှုရေးကွန်ရက် တွစ်တာကနေ တဆင့် ပေါက်ကွဲရေးသားခဲ့ကြပါတယ်။ ဒီလိုရပ်တန့်သွားတဲ့အတွက် အသုံးပြုသူတွေ ဘယ်လောက်ထိခိုက်သွားတယ် ဆိုတာကိုတော့ ဖေ့စ်ဘွတ်ခ်က မကြေညာခဲ့ပါတယ်။ အစိတ်အပိုင်းများ ဖွဲ့စည်းပုံ အစီအစဉ်ကြောင့် ဖေ့စ်ဘွတ်ခ် ၀န်ဆောင်မှုတွေကို လူတွေ မရနိုင်တော့သလို လက်ရှိ ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ အေအက်ဖ်ပီသတင်းက ဖေ့စ်ဘွတ်ခ်ရဲ့ အီးမေးလ်ကို ကိုးကားပြီး ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up