A d v e r t i s e m e n t With Us

သခင်အပေါ် အကြင်နာတရားရှိတဲ့ ဆင်ကလေး (ရုပ်သံ)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်ဆာဆင်စခန်းက ဆင်ထိန်းတစ်ဦးဟာ သူ့ဆင်ရှေ့မှာ မူးလဲချင် ဟန်ဆောင်ပြခဲ့တာမှာ ဆင်က စိုးရိမ်တကြီးနဲ့ ရောက်လာတဲ့ပုံကို ရိုက်ပြထားတဲ့ ဗွီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ နောက်ထပ်ကလစ်တစ်ခုကတော့ ဆင်ထိန်းကို လူတယောက်က ရောက်လာပြီး အကြမ်းဖက်သွားတဲ့ပုံ လုပ်ပြရာမှာ အဲဒီဆင်က အပြေးကလေးရောက်လာပြီး ဆင်ထိန်းကို ဘာဖြစ်သွားသေးလဲ၊ ဘယ်နာသွားလဲ ဆိုတဲ့ ပုံစံလုပ်နေတဲ့ပုံ ဖြစ်ပါတယ်။ ဆင်တွေဟာ မုန်ယိုလာရင် လူတွေကို သေစေလောက်အောင် အန္တရာယ်ပြုတတ်တယ်လို့ ပြောဆိုနေကြပေမယ့်လည်း သူတို့မှာလည်း အကြင်နာတရားရှိတယ်ဆိုတာကို ဆင်ထိန်းက အဲဒီဗွီဒီယိုကလစ်နဲ့ သက်သေပြလိုက်ပါတယ်။ ရုပ်သံ - ThaiPBS
Tags
ဆင်

A d v e r t i s e m e n t With Us

More News
Up