စက်နှင့် ဘောလုံးကောက်တမ်း ကစားနေသည့် ခွေးကလေး (ရုပ်သံ)

2.5K
ခွေးကလေးတကောင်က စက်ကလေးတခုနဲ့ ဘောလုံး ကောက်တမ်းကစားနေပါတယ်။
ဘောလုံးတပ်ပေးလိုက်ရင် အလိုအလျောက် ပစ်လွှတ်နိုင်တဲ့စက်နဲ့ ခွေးကလေးတို့ ကစားနေတာ ဖြစ်ပြီး လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ ရုပ်သံဖိုင်ကို ကြည့်ရှုတဲ့သူ သန်းချီရှိသွားပြီ ဖြစ်ပါတယ်။
ခွေးကလေးက စက်မှာ ဘောလုံးကလေးတပ်လိုက်၊ စက်က ပစ်လွှတ်လိုက်ရင် ဘောလုံးကလေးကို ပါးစပ်နဲ့ချီလာပြီး ပြန်လာတပ်လိုက်နဲ့ မမောနိုင်မပန်းနိုင် ကစားနေတာ ဖြစ်ပါတယ်။
အရင်က လူတွေနဲ့ အခုလို ကစားခဲ့တာ ဖြစ်ပေမယ့် အခုတော့ ခွေးကလေးက စက်နဲ့ ကစားနေတာ ဖြစ်ပါတယ်။