Artistic Travellers ပန်းချီအုပ်စု၏ 5th Travelling ပန်းချီပြပွဲ (ဓာတ်ပုံ)
DVB
·
September 29, 2015
Artistic Travellers ပန်းချီအုပ်စုရဲ့ 5th Travelling ပန်းချီပြပွဲကို ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်းမှာ စက်တင်ဘာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြသနေပါတယ်။ ပန်းချီဆရာ ၁၀ ဦးရဲ့ ပန်းချီကား ၅၂ ကားကိုပြသထားပါတယ်။
အဲဒီ ပန်းချီဆရာ အုပ်စု ကို စာနယ်ဇင်း ပန်းချီ ဆရာတွေ ဖြစ်တဲ့ တင်ထွန်း၊ ခိုင်တင်၊ နီတွတ်၊ မောင်ကျော်စိုး၊ မောင်မြင့်လွင်၊ ကိုကိုမြင့်၊ သန့်ဇင်၊ ဇော်ညွန့်ဖေ၊ မမွှေး၊ နန်း ၊ တို့ နဲ့ စုစည်းထားတာပါ။ အခုပြသထားတဲ့ ပန်းချီကား အများစုကို ဖြူးမြို့ အနီးဝန်းကျင် out door ထွက်ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲ နီးချိန်မို့ အထွေထွေစီးပွားရေးတိုးတက်မှုနှေးကွေးပြီး ပန်းချီကား အရောင်းအ၀ယ်လည်း အေးနေပါတယ်။ ဒါပေမယ့် ပန်းချီဆရာတွေကတော့ ပန်းချီကားတွေကို အဆက်မပြတ် ရေးဆွဲနေသလို ပြပွဲတွေကိုလည်း ဆက်တိုက်ကျင်းပနေပါတယ်။
ဓာတ်ပုံ - ဦးဇေယျ