A d v e r t i s e m e n t With Us

လန်ဒန်မြို့ရှိ ဗလီ အကြီးအကျယ် မီးလောင် (ရုပ်သံ)

ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်ရဲ့ တောင်ပိုင်းက ဗလီကြီး အကြီးအကျယ် မီးလောင်နေလို့ စက်တင်ဘာ ၂၈ ရက်နေ့ မနက်က  လန်ဒန်မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၁၁ စီး စေလွှတ်ပေးခဲ့ရပါတယ်။ ဗလီကြီးဟာ အယ်မဒီးယာ မွတ်စလင် လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုပေးနေပြီး ဝတ်ပြု ဆုတောင်း သူ အယောက် ၁၀၅၀၀ အတွက် နေရာရှိတယ်လို့ ဗလီရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် ဖာရိဒ် အာမက်ကတော့ မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ အဆောက်အဦထဲမှာ ရှိနေခဲ့တဲ့ လူနည်းနည်းကိုတော့ ဘေးကင်းရာကို အမြန် ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ လန်ဒန် မီးသတ်တပ်ဖွဲ့က မီးလောင်ပြင်ကို ရောက်ချိန်မှာ မီးက ကောင်းကောင်း လောင်နေပြီး မြေညီထပ် ကြမ်းပြင်ကို လောင်နေတာ ဖြစ်တယ်၊ မီးကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပြီး အဆောက်အဦရဲ့ ဖွဲ့စည်း တည်ဆောက်မှုပိုင်း ဘေးကင်းရေး အတည်ပြုဖို့ စက်တင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းထိ မီးလောင်ပြင်မှာ ဆက်ရှိနေမယ်လို့ဆိုပြီး အာမက်ကတော့ ထိခိုက်ဒဏ်ရာ ရသူမရှိဘူလို့ ပြောပါတယ်။ မီးဟာ အဆောက်အဦရဲ့ စီမံခန့်ခွဲရေး နေရာကိုသာ လောင်ခဲ့ပြီး ကျန်တဲ့ ဗလီအစိတ်အပိုင်းအများစုကို မီးမလောင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up