A d v e r t i s e m e n t With Us

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင်ရန် ကြိုးပမ်းမည်

ဓာတ်ပုံ - indochinavalue.com
မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှာတည်ရှိတဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်နိုင်ဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဟာ ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်မှာ တည်ရှိပြီး ဧရိယာစတုရန်းမိုင် ၃၈၁၀ ရှိပါတယ်။ လက်ရှိမှာတော့ သစ်တောဦးစီးဌာန၊ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (WCS) နဲ့ ယူနက်စကိုအဖွဲ့တွေ ပူးပေါင်းပြီး ဇီဝမျိုးစုံ မျိုးကွဲ သုတေသနလုပ်ငန်းတွေ၊ အဲဒီဒေသမှာ သားရိုင်းတိရစ္ဆာန် ဘေးမဲ့တောတခု ဖြစ်လာစေဖို့ ဒေသခံတွေကို ပညာပေးတဲ့ လုပ်ငန်းတွေမှာ လုပ်ဆောင်နေကြတာပါ။ အဲဒီဘေးမဲ့တော ဧရိယာထဲမှာ နောင်မွန်းမြို့နယ်နဲ့ မချမ်းဘောမြို့နယ်တွေထဲက သစ်တောတွေ ပါဝင်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဧရိယာ ၄၈၉၇၂၁ ဟက်တာ အကျယ်အ၀န်းရှိတဲ့ အင်းလေးကန်ကိုလည်း ယူနက်စကိုရဲ့ လူသားနဲ့ ဇီဝအ၀န်းနယ်မြေအဖြစ် ဒီနှစ်အတွင်းမှာ သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up