ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် မက်သဖက်တမင်း ဆေးပြား ၆ သိန်း ဖမ်းမိ

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လန်လွတ်ကာဒေသမှာ မက်သဖက်တမင်းဆေးပြား ၆ သိန်း သယ်ဆောင်လာတဲ့ လူတဦးကို မူးယစ်ဆေးဝါး ထိန်းချုပ်ကွပ်ကဲရေး ဗဟိုရဲတပ်ဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၁ နှစ်အရွယ် ၀စ်ချိုင်ခွန်ဆစ် အမည်ရ အမျိုးသားဟာ စခွန်နခွန်ခရိုင်မှာ နေထိုင်သူဖြစ်ပြီး သတင်းပေးမှုအရ ရဲတပ်ဖွဲ့က မီထရာပက် အဝေးပြေးလမ်းမတလျှောက်  လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီး ရီဝပ်ကလင့်ဆန်က ပြောပါတယ်။ သူဟာ လန်လွတ်ကာဒေသထဲက စတိုးဆိုင်မှာ ကားကို ရပ်လိုက်စဉ် ရဲတွေက စစ်ဆေးရှာဖွေပြီး ကားနောက်ခန်း ခုံနောက်မှာ သယ်ဆောင်လာတဲ့ မက်သဖက်တမင်း ဆေးပြား ၆ သိန်းကို တွေ့ရှိရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တရားခံ ၀စ်ချိုင်က အဲဒီဆေးပြားတွေကို ဘန်ကန်ခရိုင်ကနေ ပထုံဌာနီခရိုင်ထိ ပို့ပေးဖို့အတွက် သယ်ဆောင်ခ ဘတ်ငွေ ၁ သိန်းခွဲနဲ့ လက်ခံခဲ့တာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

More News
Up