ပစ်သတ်ခံရသည့် ဂျပန်ဓာတ်ပုံသတင်းထောက်၏ ကင်မရာပြန်ပေးရန် ညီမဖြစ်သူ တောင်းဆို


Kenji Nagai of APF keeps photographing after falling as soldiers and police fired upon and then charged protesters in Yangon's city centre September 27, 2007. Nagai, 50, a Japanese video journalist, was shot by soldiers as they fired to disperse the crowd. Nagai later died. REUTERS/Adrees Latif (MYANMAR) BEST QUALITY AVAILABLE - RTR1VAPB


9.6K
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်ဓာတ်ပုံသတင်းထောက် နဂအိ ခန်းဂျီစံအတွက် အမှုမှန် ဖော်ထုတ်ပေးဖို့နဲ့ မြန်မာအစိုးရအနေနဲ့ ကင်မရာပြန်ပေးဖို့ ညီမဖြစ်သူ နိုရီကို အိုဂ၀ စံက စက်တင်လာ ၂၇ ရက်က နဂအိ ခန်းဂျီစံမွေးဇာတိမြို့ အင်မာဘာရီimabari မှာပြုလုပ်တဲ့ ၈ နှစ်မြောက် အောက်မေ့ဖွယ်ဆုတောင်းပွဲမှာ တောင်းဆိုခဲ့ပါတယ်။
ဂျပန်အခြေစိုက် အေပီအက်ဖ်ဌာနရဲ့ ၀ါရင့်သတင်းထောက်၊ နိုင်ငံတကာစစ်ပွဲတွေကို လိုက်လံသတင်းယူတဲ့ အတွေ့အကြုံရှိသူ နဂအိခန်းဂျီစံ ၅၀ နှစ်ဟာ ၂၀၀၇ စက်တာဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းယူရင်း မြန်မာလုံခြုံရေးစစ်သားတွေရဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။ ပစ်သတ်ခံရစဉ် ကိုင်ဆောင်သတင်းရိုက်ယူနေတဲ့ ကင်မရာ အပါအ၀င် တိတ်ခွေကို မြန်မာအစိုးရက ပြန်မပေးသေးတဲ့အတွက် နဂအိခန်းဂျီစံရဲ့ မိဘနှစ်ပါး မကွယ်လွန်ခင်ကလည်း ကင်မရာပြန်ပေးဖို့ မိသားစုအနေနဲ့ အစဉ်တစိုက်တောင်းဆိုနေခဲ့ကာ ကျန်ရစ်သူ ညီမဖြစ်သူ အိုဂ၀စံက ၈ နှစ်မြောက် အောက်မေ့ဖွယ်ဆုတောင်းပွဲမှာ သတင်းဌာနတွေကို ဆက်လက်တောင်းဆိုတာ ဖြစ်ပါတယ်။
ဂျပန်ပြည်သူ ၁ သိန်းကျော်ရဲ့ လက်မှတ်စုဆောင်းကာ တိုကျိုမြို့က မြန်မာသံရုံးကို သွားရောက်ပေးပို့ခဲ့ပေမယ့် အကြောင်းမပြန်တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ကင်မရာ ပြန်လည်ရရှိဖို့ စိတ်ဆန္ဒပြင်းပြနေတယ်လို့လည်း ဆိုပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့လည်း မြန်မာအစိုးရကို တွေ့ဆုံတိုင်း ကင်မရာပြန်ပေးရေးနဲ့ အမှု မှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြာရေးဝန်ကြီးဌာန အင်တာနက်သတင်း စာမျက်နာမှာ အမြဲဖော်ပြလေ့ရှိပါတယ်။