ရာသီဥတု ပြောင်းလဲမှု သတိထားမိစေရေး ပါရီတွင် ကားသွားလာမှု ပိတ်ပင်

1.2K
ပြင်သစ်နိုင်ငံ မြို့တော် ပါရီရဲ့ လမ်းတွေပေါ်မှာ စက်တင်ဘာ ၂၇ ရက်နေ့က ကားနဲ့ သွားလာမှု ပိတ်ပင်ခဲ့ပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သတိထားမိမှုတွေ မြင့်လာစေဖို့ ကားတွေကို ယာယီပိတ်ပင်ခဲ့တာပါ။
နိုထရီ ဒိန်းမ်နဲ့ အီဖယ်မျှော်စင် အပါအဝင် မြို့လယ်ခေါင် တနံတလျားမှာ မနက် ၁၁ နာရီကနေ ညနေ ၆ နာရီထိ ကားမသွားရ သတ်မှတ်ထားခဲ့တာပါ။
ဘတ်စ်ကားတွေ၊ အငှားယာဉ်တွေနဲ့ ဒေသခံတွေကိုတော့ ခြွင်းချက်ပေးထားခဲ့ပါတယ်။
ပါရီရဲ့ ဆောင်းနဲ့ နွေဦးရာသီတွေမှာ လေထုညစ်ညမ်းမှု အဆင့်အတွက် ရုန်းကန်နေရတာပါ။
ပြဿ နာကို ဖြေရှင်းဖို့ ကားတွေ မြို့ထဲကို အလှည့်ကျနေ့တွေမှာပဲ မောင်းခွင့်နဲ့ မြန်နှုံးကန့်သတ်ချက် လျှော့ချတာတွေ စမ်းသပ် ကျင့်သုံးပြီးပါပြီ။
ပါရီမြို့တော်ဝန်ကတော့ ၂၀၂၀ မှာ ဒီဇယ်လောင်စာ သုံးစွဲမှု ကင်းစင်တဲ့မြို့ ဖြစ်တာကို မြင်ချင်တယ်လို့ စက်တင်ဘာ ၂၇ ရက်နေ့ပွဲမှာ ပြောပါတယ်။
"ကျမတို့ မြို့တွေမှာ ညစ်ညမ်းမှုက လူသတ်သမား ဖြစ်လာနေလို့ မြို့ကြီးတွေအတွက် ကားမရှိဘဲ နေရတာဟာ ပုံမှန် ခေတ်မီပြီး တရားဝင်တဲ့ လှုပ်ရှားမှု ဖြစ်တယ်" လို့ သူက ပြောပါတယ်။
ဒီဇင်ဘာလမှာ ပါရီမြို့ဟာ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ညီလာခံကို တည်ခင်းကျင်းပမှာပါ။
နိုင်ငံပေါင်း ၁၉၅ နိုင်ငံက ကမ္ဘာ့အပူချိန်တိုးနှုံးကို ၂ ဒီဂရီအောက်မှာ ကန့်သတ်ထားရေး သဘောတူညီချက် ရဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။