ယူကရိန်း ဆိပ်ကမ်းမြို့ လုံခြုံရေးတပ်ဖွဲ့ရုံးနားတွင် ပေါက်ကွဲမှုဖြစ်

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအား တာဝန်ရှိသူတဦး စစ်ဆေးနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
988
ယူကရိန်းနိုင်ငံ ပင်လယ်နက် ဆိပ်ကမ်းမြို့ အော်ဒဲ့စာက လုံခြုံရေးတပ်ဖွဲ့ရုံးနားမှာ အမျိုးအမည်မသိ ပစ္စည်းတခု စက်တင်ဘာ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှုက အင်မတန် အားပြင်းလို့ ပေါက်ကွဲမှု ဗဟိုချက်မနဲ့ လမ်း နည်းနည်း ခြားနေတဲ့ အဆောက်အဦတွေက ပြတင်းပေါက်မှန်တွေ ကွဲထွက် လွင့်စင်ခဲ့ပါတယ်။
စတာလင်ခေတ်က ဆောက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ရုံးက အပျက်အစီး အများဆုံးဖြစ်ပြီး ရုံးမျက်နှာစာ အစိတ်အပိုင်းတွေ၊ ပြတင်းပေါက်တွေနဲ့ တံခါးတွေ ပွင့်ထွက် ပျက်စီးခဲ့ပါတယ်။
အနားက ယာဉ်ရပ်နားစခန်းမှာ ရပ်ထားတဲ့ ကားတွေလည်း ပျက်စီးခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။
ဒီလအစောပိုင်းကလည်း နိုင်ငံတကာ လူသားချင်းစာနာမှု တက္ကသိုလ်ရဲ့ အားကစားပေါင်းစုံ စုပေါင်းခန်းမနားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီဌာနကို ရုရှားလိုလားတဲ့ ဌာနမှူးနဲ့ လွှတ်တော်အမတ် ဆာဂီ ကီဗာလဗ်က ဦးစီးပါတယ်။