စပိန်နိုင်ငံမှ ခွဲထွက်ရေး ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
838
စပိန်နိုင်ငံကနေ ဘာစီလိုနာမြို့အပါအ၀င် ကာတာလိုးနီးယားပြည်နယ် ခွဲထွက်ရေး ဦးတည်နိုင်မယ့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
ခွဲထွက်ရေးကို လိုလားတဲ့ အမျိုးသားရေးပါတီကြီး ၂ ခု ပူးပေါင်းပြီး ကာတာလိုးနီးယားပြည်နယ် လွှတ်တော်မှာ အမတ်နေရာအများစုရဖို့ ကြိုးစားနေပါတယ်။
ပြည်နယ်ခွဲထွက်ရေးဆန္ဒခံယူပွဲမှာ အနိုင်ရခဲ့ရင် လာမယ့် ၁ နှစ်ခွဲအတွင်း ခွဲထွက်ရေးကို တဖတ်သတ် ကြေညာမယ်လို့ ခွဲထွက်ရေးကို လိုလားတဲ့ပါတီ ၂ ခုက ဆိုပါတယ်။
စပိန်အစိုးရကတော့ ဒီခွဲထွက်ရေးကြိုးစားမှုကို ဥပဒေနဲ့ တားမြစ်ပိတ်ပင်မယ်လို့ အလေးအနက် ပြောဆိုထားတာပါ။
ဒေသခံလူထုစစ်တမ်းတွေအရတော့ ကာတာလိုးနီးယားပြည်နယ်သားအများစုက ခွဲထွက်သင့်၊ မသင့် လူထုဆန္ဒခံယူလိုကြပေမယ့် တကယ်တမ်း စပိန်နိုင်ငံက ခွဲထွက်ဖို့ကတော့ မဲအပြတ်အသတ် မကွာဘူးလို့ ဆိုပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်နယ်လူဦးရေရဲ့ ၄ ပုံ ၃ ပုံဖြစ်တဲ့ လူဦးရေ ၅ သန်းခွဲ မဲပေးခွင့် ရရှိကြပါတယ်။
စပိန်အာဏာရပါတီကြီးကတော့ ကာတာလိုးနီးယားပြည်နယ်ခွဲထွက်ရေးကြိုးစားမှုဟာ အဓိပ္ဗာယ် မဲ့ပြီး စပိန်တနိုင်ငံလုံးကို ထိခိုက်လိမ့်မယ်လို့ ပြောဆိုပါတယ်။