ရပ်နားထားရသည့် ဖောင်တော်ဦးဘုရား လှေပြိုင်ပွဲ ပြန်လည်စတင်
DVB
·
September 28, 2015
မိတ္ထီလာမြို့လယ်က ၁၃၂ ကြိမ်မြောက် ဖောင်တော်ဦးပွဲနဲ့ လှေပြိုင်ပွဲကို တော်သလင်းလဆန်း ၈ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ကျင်းပပါတယ်။ ဒီနေ့ဟာ ပွဲတော်နောက်ဆုံးရက်ဖြစ်လို့ နယ်ပေါင်းစုံက လာရောက်ကြပါတယ်။
ထူးခြားတာက ဖောင်တော်ဦးဘုရားပွဲတော်ကို မကျင်းပဖြစ်တာ ၂ နှစ်ကြာခဲ့ပါပြီ။၂၀၁၃ ခုနစ် မတ်လ ၂၀ ရက်နေ့က မိတ္တီလာမှာဖြစ်ခဲ့တဲ့ လူမျိုးရေးအဓိကရုန်းကြောင့် လုံခြုံရေးစိတ်မချရတဲ့အတွက် မကျင်းပဖြစ်ခဲ့တာပါ။
ဒီနှစ်မှာ ပြန်လည်ကျင်းပတဲ့ပွဲတော်မှာ ယခင်လှေပြိုင်ပွဲတွေနဲ့ မတူဘဲ အကြီးတန်းရော အငယ်တန်းပါ အသင်းပေါင်း ၁၈ သင်းနဲ့ တပေါင်းတည်း ယှဉ်ပြိုင်စေတာဖြစ်ပါတယ်။
ဓာတ်ပုံ - တာရာ