အီတလီစီးရီးအေပြိုင်ပွဲ အင်တာမီလန် ၁ – ၄ ဖီအိုရင်တီးနား (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အီတလီ စီးရီးအေပြိုင်ပွဲ အင်တာမီလန်နဲ့ ဖီအိုရင်တီးနားတို့ ပွဲစဉ်မှာ ဖီအိုရင်တီးနားက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဖီအိုရင်တီးနားအတွက် ဂိုးတွေကို ပွဲချိန် ၄ မိနစ်မှာ Josip Ilicic က ပယ်နယ်တီမှတဆင့် အဖွင့်ဂိုး၊ ၁၈ မိနစ်နဲ့ ၂၃ မိနစ်တွေမှာ Nikola Kalinic က ၂ ဂိုးဆက်သွင်းယူပြီး ပထမပိုင်းအပြီးမှာ ဖီအိုရင်တီးနားက ၃ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တာပါ။ ပထမပိုင်းပွဲချိန် ၃၂ မိနစ်မှာ အင်တာမီလန်အသင်းက Miranda အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ကျန်တဲ့ ပွဲကစားချိန်တွေကို အင်တာမီလန်အသင်း ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာ အင်တာမီလန်က Mauro Icardi ချေပဂိုး ၁ ဂိုး သွင်းယူခဲ့ပေမယ့် ၇၁ မိနစ်မှာ ဖီအိုရင်တီးနားက Nikola Kalinic ကပဲ စတုတ္ထဂိုး သွင်းယူခဲ့လို့ ပွဲအပြီးမှာ ဖီအိုရင်တီးနားက အင်တာလီလန်ကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။

More News
Up