ဆီးရီးယားတွင် ပြင်သစ်လေတပ် အင်အားပြ

ပြင်သစ်လေတပ်ဟာ အစ္စလာမ္မစ်စစ်သွေးကြွတွေကို ဆန့်ကျင်ပြီး ဆီးရီးယားမှာ ပထမအကြိမ် လေတပ်အင်အားပြခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပါတ်တည်းက ပြင်သစ်လေတပ်ရဲ့ ကင်းထောက်မစ်ရှင်ပြသဖို့ အစီ အစဉ်အတွက် ရည်ရွယ်ခဲ့တာလို့ ပြင်သစ်သမ္မတရုံးကပြောပါတယ်။ အဲဒီအစီအစဉ်မှာ ဒေသတွင်း ပူးပေါင်းပါဝင်သူတွေနဲ့အတူ လုပ်ဆောင်ခဲ့တာလို့ အကျဉ်းချုပ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ပြင်သစ်ဂျက်လေယာဉ်တွေဟာ အရင်ကလည်း အိမ်နီးချင်းနိုင်ငံ အီရတ်မှာ လေကြောင်းစွမ်းရည်ပြသခဲ့ဖူးပါတယ်။ သမ္မတ ဖရောင်ဆွာ ဟော်လန်က သူ့အနေနဲ့ ဆီးရီးယားနိုင်ငံကို အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကင်းထောက်ကာလမှာ ဂျက်လေယာဉ်တွေ ပေးပို့သွားမယ်လို့ စက်တင်ဘာလအစောပိုင်းမှာ ကြေညာခဲ့တာပါ။ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေကတော့ ဆီးရီးယားနဲ့ အီရတ်က အိုင်အက်စ်ဆန့်ကျင်ရေးအဖွဲ့တွေနဲ့အတူ လွန်ခဲ့တဲ့ တနှစ်ကတည်းက လေကြောင်းဆိုင်ရာ ပူးပေါင်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ခဲ့တဲ့ ဆီးရီးယားစစ်ပွဲအတွင်းမှာ လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ကြပြီး လူပေါင်း ၄ သန်း ကျော်ဟာ ထွက်ပြေးခဲ့ကြရတယ်လို့ သတင်း မှာဖော်ပြပါတယ်။

More News
Up