A d v e r t i s e m e n t With Us

ဝရုန်းသုန်းကား ဖြစ်ခဲ့သည့် အမေရိကန် ဂီတပွဲတော် (ရုပ်သံ)

အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ်မှာ ဂီတပွဲတော်အခုအတွင်း လူတွေ အလုအယက် တိုးဝှေ့ကြရင်း ၁၀ ဦးလောက် ဒဏ်ရာရတယ်လို့ နယ်ခံ သတင်းတွေမှာ ဖော်ပြပါတယ်။ တမ်ပီမြို့မှာ ပြုလုပ်တဲ့ Summer Ends ဂီတပွဲတော်အတွင်း ဧည့်ပရိသတ်တွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ကြတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။ နာမည်ကျော် ဟစ်ဟော့ပ် အဆိုတော် J. Cole လည်း ဂီတပွဲတော်မှာ ဖျော်ဖြေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ၀ရုန်းသုန်းကား ဖြစ်တာ စင်ပေါ်မှာလား၊ ပရိသတ်တွေ ထဲမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

A d v e r t i s e m e n t With Us

More News
Up