ရန်ကုန်တွင် စိတ်ကြွဆေး အလုံးရေ သိန်း ၃၀ ကျော် ဖမ်းမိ
DVB
·
September 27, 2015
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ဒဂုံမြို့နယ် တက္ကသိုလ် ရိပ်မွန်အိမ်ရာဝင်းအတွင်းက နေအိမ်တခုမှာ စက်တင်ဘာ ၂၆ ရက်နေ့က WY စိတ်ကြွရူးသွပ်ဆေးပြား အလုံးရေ သိန်း ၃၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါဟာ ရန်ကုန်မှာ မူးယစ်ဆေးအမြောက်အမြားမိတဲ့ အမှုတွေထဲမှာ ၆ ကြိမ်မြောက်မိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီတခေါက်မှာတော့ ပိုင်ရှင်မဲ့ မဟုတ်ပဲ အိမ်စောင့် လူ ၂ ယောက်နဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ မူးယစ်အထူးအဖွဲ့က ဒီဗွီဘီကိုပြောပါတယ်။
ဒီအမှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ဇေကမ္ဘာဝင်းအတွင်းက ကမ္ဘာမှာ ဒုတိယအများဆုံးမိတဲ့ ဆေးပြား ၂၆ သန်းကျော်ရဲ့ နောက်ဆက်တွဲအမှုတခု ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။