နေမာ ပိုင်ဆိုင်မှု ဒေါ်လာ ၄၇.၆ သန်း ချိတ်ပိတ်ခံရ
ဘရာဇီး ဘောလုံးအကျော်အမော် နေမာဟာ ၂၀၁၁ ကနေ ၂၀၁၃ ကြားမှာ အခွန်ငွေ ပေးဘဲ တိမ်းရှောင်ခဲ့တယ်လို့ တရားရုံးက သုံးသပ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၄၇ ဒသမ ၆ သန်းကို ချိတ်ပိတ်လိုက်ပါတယ်။
ချိတ်ပိတ်လိုက်တဲ့ ပိုင်ဆိုင်မှုတွေထဲမှာ မပြောင်းရွှေ့နိုင်တဲ့ အိမ်ခြံမြေနဲ့ ယာဉ်တွေ ပါဝင်ပါတယ်။
ဒါပေမယ့် နေမာအနေနဲ့ ဘဏ်အကောင့်တွေနဲ့ တခြားပြောင်းရွှေ့နိုင်တဲ့ ပစ္စည်းတွေကိုတော့ ဆက်သုံးစွဲခွင့်ရှိပါတယ်။ နေမာ မိဘတွေက သူတို့သားဟာ တစုံတရာ အမှားအယွင်းမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
၂၀၁၃ ခုနှစ် ပိုင်ဆိုင်မှုတွေထဲက ၈ ရာခိုင်နှုန်းကိုပဲ ကြေညာထားသလို ကြော်ငြာနဲ့ ဘာစီလိုနာ ဘောလုံးအသင်းက ရတဲ့ ငွေတွေကို ချန်လှပ်ထားတယ်လို့ တရားသူကြီးက စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဇွန်မှာ နေမာဟာ ဆန်းတိုစ့်ကနေ ဘာစီလိုနာကို ပေါင် ၄၁ သန်းနဲ့ ပြောင်းရွှေ့လာပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေးဟာ ဒီထက်မက များပြားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။