ပရီးမီးယားလိဂ် စပါး ၄-၁ မန်စီးတီး (ရုပ်သံဟိုက်လိုက်)

2.1K
စက်တင်ဘာ ၂၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးအသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
မန်စီးတီးအတွက် ပထမပိုင်း ၂၅ မိနစ်မှာ Kevin de Bruyne က ၁ ဂိုး သွင်းယူခဲ့ပြီး စပါးအသင်းအတွက် ဂိုးတွေကိုတော့ Eric Dier က ပထမပိုင်း ၄၅ မိနစ်မှာ ၁ ဂိုး၊ Toby Alderweireld က ဒုတိယပိုင်း မိနစ် ၅၀ မှာ ၁ ဂိုး၊ Harry Kane က ၆၁ မိနစ်မှာ ၁ ဂိုး၊ Erik Lamela က ၇၉ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာပါ။
မန်စီးတီးဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားမှာ ၇ ပွဲကစား ၅ ပွဲနိုင် ၂ ပွဲရှုံး ရမှတ် ၁၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
စပါးအသင်းကတော့ ၇ ပွဲကစား ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ နံပါတ် ၅ မှာ ရပ်တည်နေပါတယ်။