ပရီးမီးယားလိဂ် မန်ယူ ၃-၀ ဆန်းဒါးလန်း (ရုပ်သံဟိုက်လိုက်)

2.3K
စက်တင်ဘာ ၂၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက ဆန်းဒါးလန်းကို ၃-၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကို ဒီပေးက ပွဲချိန် ၄၅ မိနစ်မှာ ၁ ဂိုး၊ ရွန်နီက ၄၆ မိနစ်မှာ ၁ ဂိုးနဲ့ မာတာက မိနစ် ၉၀ မှာ ၁ ဂိုး သွင်းယူပြီး ၃ ဂိုးပြတ်အနိုင်ရသွားတာပါ။
မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် ၇ ပွဲကစားပြီး ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်ရှိသွားပါတယ်။
ဆန်းဒါးလန်းအသင်းကတော့ ၇ ပွဲကစားပြီး ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရောက်ရှိနေပါတယ်။