မြန်မာရှေ့နေများ ဖဲကြိုးဝါလှုပ်ရှားမှု နိုင်ငံတကာရှေ့နေများ ထောက်ခံ
ပိုင်စိုး
·
September 26, 2015
တရားရေးကဏ္ဍမှာ စစ်ဘက်အရာရှိတွေက ရာထူးကြီးတွေနဲ့ ရောက်လာတာကို ကန့်ကွက်တဲ့ ဖဲကြိုးဝါ လှုပ်ရှားမှုကို နိုင်ငံတကာရှေ့နေတွေက ထောက်ခံလိုက်ပါတယ်။
ဖိလစ်ဖိုင်နိုင်ငံ၊ စီဘူးမြို့မှာ မြန်မာရှေ့နေတွေ ပါဝင်တက်ရောက်ပြီး ဒီနေ့ကျင်းပနေတဲ့ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲမှာ ဖဲကြိုးဝါလှုပ်ရှားမှုအကြောင်း စာတမ်းဖတ်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အမေရိကန်၊ အင်္ဂလန်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက ရှေ့နေတွေကလည်း ဖဲကြိုးဝါတွေ တပ်ဆင်ပြီးထောက်ခံခဲ့ကြတာပါ။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဌာနကို စစ်ဘက်အရာရှိတွေ ခန့်အပ်လာတဲ့အပေါ် ဆရာဝန်တွေက ဖဲကြိုးနက်တပ်ဆင် ကန့်ကွက်ခဲ့ကြပြီး တရားရေးဘက်မှာလည်း ဖဲကြိုးနက်တွေနဲ့ ကန့်ကွက်နေကြတာပါ။
ဓာတ်ပုံ- အောင်စိုး