A d v e r t i s e m e n t With Us

အမေရိကန် နှင့် တရုတ် သမ္မတကတော်တို့ ပန်ဒါဝက်ဝံကို နာမည်ပေး (ရုပ်သံ)

အမေရိကန် သမ္မတကတော် မီရှယ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ တရုတ်သမ္မတ ကတော်ကို အမျိုးသားတိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ပြီး မွေးခါစ ပန်ဒါဝက်ဝံ ပေါက်စလေးကို နာမည်ပေးခဲ့ကြပါတယ်။ တရုတ်သမ္မတကတော် ပန်းလီယွမ်းကို ၀ါရှင်တန်ကျောင်းက ကလေးငယ်တွေက မန်ဒရင်းရိုးရာ ဖျော်ဖြေမှုတွေနဲ့ ကြိုဆိုပါတယ်။ အမျိုးသား ဥယျာဉ်ကို တရုတ်သမ္မတကတော် အလည်အပတ်သွားတာဟာ နှစ်နိုင်ငံကြားမှာ ဆယ်စုနှစ် လေးခုကြာအေင် သိပ္ပံပညာ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ တရုတ်သမ္မတကတော် ပန်းလီယွမ် ပန်ဒါတွေဟာ နှစ်နိုင်ငံ ပြည်သူတွေကြားမှာ အရေးကြီးတဲ့ သံယောဇဉ် ဆက်ထုံးအဖြစ် ဆက်ရှိနေဖို့ မျှော်လင့်တဲ့အကြောင်း၊ တရုတ်ကလေးငယ်တွေနဲ့ အမေရိကန် ကလေးငယ်တွေအတွက် ပျော်ရွှင်မှုနဲ့ ရင်းနှီးမှုတွေကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ ဘိုင်ဘိုင်လို့ နာမည်ပေးလိုက်တဲ့ ပန်ဒါ ပေါက်စဟာ အမျိုးသားဥယျာဉ်မှာ မွေးထားတဲ့ ပန်ဒါ ၀က်ဝံအမ မိုင်ရှန်းက  သြဂုတ် ၂၂ ရက်နေ့က မွေးဖွားထားတဲ့ ပန်ဒါ ၂ ကောင်ထဲက တကောင် ဖြစ်ပါတယ်။ အငယ်ကောင်ကတော့ နမိုးနီးယားကြောင့် သေဆုံးခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်က သမ္မတ ရစ်ချတ် နစ်ဆင်နဲ့ သမ္မတ ကတော် ပက်ထရီကာ တို့ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ လင်းလင်းနဲ့ ရှင်းရှင်း ဆိုတဲ့ ပန်ဒါ နှစ်ကောင်ကို နိုင်ငံတော် လက်ဆောင်အဖြစ်ရရှိခဲ့ပြီး အမေရိကန် မြေပေါ်ကို ပန်ဒါဝက်ဝံတွေ ရောက်လာတာဖြစ်ပါတယ်။ ပန်ဒါကြီးမျိုးဟာ တရုတ်ပြည်မှာပဲ တွေ့ရတဲ့ ၀က်ဝံမျိုး ဖြစ်ပြီး မျိုးပွားနှုန်းလည်း နည်းပါတယ်။ ဒီနေ့ ကာလမှာ မွေးမြူထားတဲ့ ပန်ဒါကြီးမျိုး အကောင် ၃၀၀ နဲ့ အရိုင်း ၁၆၀၀ ပဲ ကျန်ပါတော့တယ်။

A d v e r t i s e m e n t With Us

More News
Up