မဲစာရင်း အမှားအယွင်းများ ပြင်ဆင်ကြရန် ကော်မရှင် နှိုးဆော် (ဓာတ်ပုံ)
လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကြေညာထားပြီး အမှားအယွင်းများတဲ့ မဲစာရင်းတွေကို ကြည့်ရှုပြင်ဆင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှိုးဆော်ထားပါတယ်။
စက်တင်ဘာ ၂၇ ရက်ဟာ ရေဘေးသင့်ဒေသ တချို့ကလွဲရင် တနိုင်ငံလုံးအတွက် မဲစာရင်း ပြင်ဆင်ဖို့ နောက်ဆုံးနေ့ပါ။
မင်္ဂလာတောင်ညွန့်မြို့နယ်က ရပ်ကွက်တခုမှာ စက်တင်ဘာ ၂၆ ရက်နေ့ မဲစာရင်းကြည့်နေကြတာပါ။
ဓာတ်ပုံ- ပိုင်စိုး