နေမာ အခွန်မရှောင်ဟု မိဘများပြော
ဘရာဇီးလ်လက်ရွေးစင် နေမာ မိဘတွေက နေမာဟာ တစုံတရာ အမှားအယွင်းမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
ပေါင် ၁၆ သန်း အခွန်ရှောင်တယ်လို့ တရားသူကြီးက နေမာကို စွပ်စွဲပြောဆိုခဲ့အပြီးမှာ မိဘတွေက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ပိုင်ဆိုင်မှုတွေထဲက ၈ ရာခိုင်နှုန်းကိုပဲ ကြေညာထားသလို ကြော်ငြာနဲ့ ဘာစီလိုနာ ဘောလုံးအသင်းက ရတဲ့ ငွေတွေကို ချန်လှပ်ထားတယ်လို့ တရားသူကြီးက စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။
တရားသူကြီးက သားရဲ့ ငွေကြေးဆိုင်ရာအခြေအနေကို နားလည်မှုမရှိဘူးလို့ မိဘတွေက တုံ့ပြန်ပါတယ်။
၂၀၁၃ ခုနှစ် ဇွန်မှာ နေမာဟာ ဆန်းတိုစ့်ကနေ ဘာစီလိုနာကို ပေါင် ၄၁ သန်းနဲ့ ပြောင်းရွှေ့လာပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေးဟာ ဒီထက်မက များပြားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။