တရုတ် အဝေးပြေးလမ်း ယာဉ်မတော်တဆမှု ၂၂ ဦး သေဆုံး (ရုပ်သံ)

983
တရုတ်နိုင်ငံ အလယ်ပိုင်းဒေသမှာ စက်တင်ဘာ ၂၅ ရက်နေ့က အဝေးပြေးလမ်းပေါ် ယာဉ်မတော်တဆမှုအတွင်း ၂၂ ဦး သေဆုံးသွားတယ်လို့ ဒေသ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။
ဟူနန်ပြည်နယ်ထဲက အဝေးပြေးလမ်းပေါ်မှာ ကားလေးစင်း ဆင့်တိုက်မှု ဖြစ်ခဲ့မှုကြောင့် ၁၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံတင်ခဲ့ရပြီး လမ်းပေါ်က အပျက်အစီးတွေကိုလည်း ရှင်းလင်းခဲ့ရပါတယ်။
အရေပြား ဒဏ်ရာ၊ မှန်ကွဲရှဒဏ်ရာ ရသူတွေကို ရှန်တန်းမြို့ ဗဟိုဆေးရုံကြီးကိုပို့ပြီး ကုသပေးနေတယ်လို့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၈ နာရီ ၅၀ မှာ မတော်တဆမှု ဖြစ်ခဲ့တာပါ။ နောက်တွဲ ကုန်တင်ကားတစီးက အရှိန်မထိန်းနိုင်ဖြစ်ပြီး အနားက light truck ကားတစီးကို ၀င်တိုက်ရာက နောက်ကားနှစ်ဆင်းကို ဆင့်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ကုန်ကားကို မောင်းတဲ့ ဒရိုင်ဘာနဲ့ ကားပေါ်ပါသူတယောက်ကို ရဲအချုပ်မှာ စစ်ဆေးနေတယ်လို့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။