A d v e r t i s e m e n t With Us

ဖီဖာ ဥက္ကဋ္ဌကို ငွေကြေးအရှုပ်တော်ပုံကိစ္စ စစ်ဆေး

British comedian known as Lee Nelson (unseen) throws banknotes at FIFA President Sepp Blatter as he arrives for a news conference after the Extraordinary FIFA Executive Committee Meeting at the FIFA headquarters in Zurich, Switzerland July 20, 2015. REUTERS/Arnd Wiegmann
ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဆပ်ဘလတ္တာကို လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆွစ်ဇာလန် စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။ ဖီဖာအတွက် မသင့်တော်တဲ့ စာချုပ်တွေကို လက်မှတ်ရေးထိုးမှုနဲ့ ၂၀၁၁ ခုနှစ်မှာ ဥရောပ ဘောလုံးအဖွဲ့ချုပ် မိုက်ကယ် ပလာတီနီကို ပေါင် ၂ သန်း ပေးခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး သံသယရှိတယ်လို့ ရှေ့နေချုပ်ရုံးက ပြောပါတယ်။ ဘလတ္တာကို မေးခွန်းထုတ်နေသလို ရုံးခန်းကိုလည်း ရှာဖွေနေတယ်လို့  ဆိုပါတယ်။ ၁၉၉၈ ခုနှစ်ကတည်းက ဖီဖာ ဥက္ကဋ္ဌ ရာထူးကို ရယူထားတဲ့ ဘလတ္တာကတော့ အမှားအယွင်းမလုပ်ခဲဘူးလို့ အမြဲပြောဆိုပါတယ်။ ဘလတ္တာဆီကနေ ရတဲ့ငွေကြေးက ဖီဖာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ သက်ဆိုင်တဲ့ အလုပ်တွေကို ဆောင်ရွက်ဖို့ ဖြစ်သလို ဒီကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရှင်းလင်းပြီး ဖြစ်တယ်လို့ ပလာတီနီက ပြောပါတယ်။ ဖီဖာက အကျင့်ပျက်ခြစားမှုတွေနဲ့ စွဲဆိုခံထားရသလို စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဘလတ္တာကတော့ ဖေဖော်ဝါရီမှာ ဖီဖာ ဥက္ကဋ္ဌ ရာထူးကနေ ဆင်းပေးရမှာ ဖြစ်ပြီး ပလာတီနီကို သူနေရာမှာ အစားထိုးဖို့ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up