A d v e r t i s e m e n t With Us

ခြေထောက် ကျိုးသွားသည့် မန်ယူကစားသမား လုရှော ၆ လနားရမည်

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်အသင်းက ခြေထောက်ကျိုးသွားတဲ့ နောက်ခံလူ လုရှောဟာ အနည်းဆုံး ၆ လနားရမယ်လို့ နည်းပြ လူးဝစ် ဗန်ဂေါက ပြောပါတယ်။ စက်တင်ဘာ ၁၅ ရက် ချန်ပီယံလိဂ် ပီအက်စ်ဗွီနဲ့ပွဲမှာ အသက် ၂၀ အရွယ်ကစားသမား ရှောရဲ့ ညာဘက်ခြေထောက် ၂ နေရာမှာ ကျိုးသွားပါတယ်။ ဒီနောက် ၄ ရက်အကြာ အိမ်ကို ပြန်သွားပြီ ဖြစ်ပါတယ်။ အနည်းဆုံး ၆ လ နားရမှာ ဖြစ်သလို ပြန်လည် နာလန်ထလာမယ့် အချိန်ကိုတော့ မှန်းလို့ မရဘူးလို့ ဗန်ဂေါက ပြောပါတယ်။ အချိန်အကြာကြီးနားရမယ်ဆိုတာ ရှောက သိနေသလို အရေးအကြီးဆုံးက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ရှောဟာ မတ်လောက်မှာ ပြန်ကစားနိုင်မှာဖြစ်ပြီး ဇွန်မှာ အင်္ဂလန် အသင်းနဲ့အတူ ယူရို ၂၀၁၆ ကစားနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ လျှပ်စစ် ကြွက်သား လှုံ့ဆော်တဲ့ စနစ်ကို အသုံးပြုပြီး ခြေထောက်တွေ သန်မာ နလန်ထအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up