ပျံသန်း လေယာဉ်တောင်ပံပေါ် သရုပ်ပြ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ကျင်းပတဲ့ ၂၀၁၅ ခု Zhengzhou လေကြောင်းပြပွဲမှာ ပျံသန်းနေတဲ့လေယာဉ်အတောင်ပံပေါ် သရုပ်ပြသမှုဟာ လာရောက်ကြည့်ရှုသူပရိသတ်တွေ အထူးစိတ်ဝင်စားခဲ့ကြပါတယ်။ စတီယာမန်လေယာဉ် ၂ စီးအတောင်ပံပေါ် လူ ၂ ဦးလိုက်ပါစီးနင်းပြီး သရုပ်ပြသမှုကို ပထမကမ္ဘာစစ်ပြီးက တည်းက စတင်ခဲ့တာဖြစ်ပြီး အနှစ် ၁၀၀ နီးပါးသက်တမ်းရှိပြီဖြစ်ပါတယ်။ အခုသရုပ်ပြပျံသန်းမှုမှာ လေယာဉ်တွေဟာ ၁ နာရီကို ၁၅၀ နှုန်းနဲ့ ပျံသန်းတာကြောင့် ကြိုးတွေနဲ့ ၅ နေရာမှာ ချိတ်ပြီး ထိန်းထားတယ်လို့ အသင်းခေါင်းဆောင်က ပြောဆိုပါတယ်။ အခုလို ပျံသန်းနိုင်ဖို့ အကြိမ်ကြိမ် လေ့ကျင့်ခဲ့တာလို့ ပြောဆိုပါတယ်။ ကြည့်ရှုသူ ပရိသတ်တွေအတွက် ရင်အခုန်ဆုံးသရုပ်ပြမှုကတော့ လေယာဉ်ပြန်မဆင်းခင် ပျံသန်းစီးနင်းသူတွေက ထိန်းထားတဲ့ကြိုးတွေကို ဖြုတ်ပြီး လေယာဉ်အတောင်ပံပေါ် ထိုင်စီးပြသချိန်ဖြစ်တယ်လို့ သရုပ်ပြသူတဦးဖြစ်တဲ့ အီမီလီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up