A d v e r t i s e m e n t With Us

၈ နှစ်အရွယ် အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး ဒုရဲအုပ် အေးကျော်ကို မေးမြန်းချက်

ဓာတ်ပုံ - ထွန်းနိုင်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်မှုသံသယနဲ့ နယ်မြေခံတပ်မတော်သားတဦး အမှုဖွင့်စစ်ဆေးခံနေရပါတယ်။ အမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်တွေအမှတ် (၁) ရဲစခန်းက ဒုရဲအုပ် အေးကျော်ကို  မေးမြန်းထားပါတယ်။ စစ်တွေမှာ ၈ နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမှတ် ၁ ရဲစခန်းက အရေးယူထားတယ်ဆိုလို့လေ။ ဘယ်လိုအမှုတွေနဲ့ အမှုဖွင့်ထားလဲဆိုတာ သိချင်လို့ ပါ။ “ဖြစ်တာက ၂၂ ရက်နေ့ ၉ လပိုင်း ၂၀၁၅၊ အချိန်ကတော့ ၂၂း၀၀ အချိန်ပေါ့။ ဒု-တပ်ကြပ်မဟုတ်ပါဘူး။ တပ်သားပါ။ နေ၀င်းအောင်ပါ။” သူက ကလေးကို ဘယ်လိုမျိုးသွားပြီးတော့ ပြုကျင့်တာလဲ။ “ကလေးမိဘတွေနဲ့ သူနဲ့ကတော့ နည်းနည်း ရင်းနှီးမှုတော့ရှိပါတယ်။ သူ့အိမ်မှာ လာနေရင်းနဲ့ သူကတော့ ကျနော်တို့ သိရသလောက်ဆိုရင်တော့ နည်းနည်း သောက်စား မူးယစ် နေတယ်ပေါ့နော်။ အဲလိုမျိုး အခြေအနေတွေ ရှိပါတယ်။” အခုလောလောဆယ် စခန်းအနေနဲ့ ဖမ်းဆီးထားလား။ ဘာအမှုနဲ့ အရေးယူထားလဲရှင်။ “ဟုတ်ကဲ့ပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ နဲ့ပါ။ မုဒိမ်းမှုပေါ့နော်။ ” သူက ဘယ်လိုမျိုး ၀န်ခံချက်ပေးထားလဲ။ ဥပမာ- ကလေးကို သူဘယ်လိုလုပ်တယ်ဆို တဲ့ဟာမျိုးလေ။ “အဲဒါကတော့ သူ့ရဲ့ ချေဖျက်နိုင်တဲ့အပိုင်းပါ။ ကျနော်တို့ကတော့ အမှု တည်ဆောက်တဲ့အပိုင်း။ သူ့ကို အဲလိုမျိုး ဘယ်လိုထွက်တယ်။ ဘယ်လိုဟိုဒင်းဖြစ်တယ်ဆိုတဲ့ဟာကျတော့ သူက ဥပဒေအတိုင်းပဲ တရားရုံးမှာ ချိန်းပါလိမ့်မယ်။ အခုချိန်မှာတော့ ကျနော်တို့ဆီမှာ ဘယ်လို ထွက်တယ်ဆိုတဲ့ ဥစ္စာကျတော့ ဒါက တရားမ၀င်ဘူး။” အခင်းဖြစ်တဲ့နေ့က ကလေးငယ်က တယောက်တည်းပဲ ရှိနေတဲ့အချိန်လား။ “အဲဒါကတော့ ကျနော်လည်း အမှုစစ်မဟုတ်တော့ အတိအကျတော့ ကျနော်လည်း မသိဘူးဗျာ။” အခုကလေးငယ်မှာကော ဘယ်လိုဖြစ်နေသေးလဲ။ “ကလေးကတော့ အစကတည်းက ကျန်းမာရေးမကောင်းပါဘူး။ ဟိုဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနေရပါတယ်။ စစ်ကုသခံနေရတယ်ဆိုတော့ ဒါကတော့ နှစ်ပိုင်းပေါ့နော်။ ကျန်းမာရေးပိုင်းနဲ့တော့ ကျနော်တို့ အသေအချာတော့မသိဘူး။ ဒါပေမယ့်လည်း ဒီ ၃၇၆ ကြောင့် အတွင်းလူနာအဖြစ်တက်ရတာလား။ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ ပထမရောဂါကြောင့် အတွင်းလူနာအဖြစ် တက်ရတာလား ဆိုတဲ့ဥစ္စကျတော့ ကျနော်တို့က သဲသဲကွဲကွဲ မသိပါဘူး။” ကလေးငယ်က ပထမကတည်းက ဝေဒနာသည်ဆိုတော့ ဘာရောဂါခံစားနေရတဲ့ ကလေးငယ်လဲ။ “ကျနော်တို့ သိသလောက်ကတော့ ကလေးက ကိုယ်ခန္ဓာတွေ ဖော့ယောင်ပြီးတော့ ကျန်းမာရေး မကောင်းတဲ့အနေအထားရှိပါတယ်။” အခုရဲအနေနဲ့က ရဲစခန်းမှာပဲစစ်မှာလား တပ်ကိုလွှဲပြောင်းပေးဖို့ရှိလား။ သူက တပ်သား ဆိုတော့လေ။ “ဒါကတော့ လူကြီးပိုင်းပဲသိပါလိမ့်မယ်။  ကျနော်တို့ကတော့ အခုလောလောဆယ် ဒီမှာပဲ စစ်ဆေးနေသေးတဲ့ အခြေအနေရှိပါတယ်။ နောက်ပိုင်း ဘယ်လိုလွှဲပြောင်းမယ်၊ မလွဲပြောင်းဘူး ဆိုတဲ့ ဥစ္စာကျတော့ လူကြီးတွေပဲသိမှာပါ။” အခုကိစ္စမှာက လူမမာကလေးလည်းဖြစ်တယ်။ နောက် အသက်မပြည့်သေးတဲ့ကလေး ဖြစ်တယ်ဆိုတော့ ဒီပြစ်မှုက ဘယ်လိုတွေရှိလာနိုင်ဦးမလဲ။ “ဒါကတော့ ဘယ်လိုပြောရမလဲ။ ဒါက သူ့အပိုင်းနဲ့သူရှိတယ်။ ကျနော်တို့ရဲ့က အမှုတည်ဆောက်တဲ့အပိုင်း၊ တရားသူကြီးက တရားဆုံးဖြတ်တဲ့အပိုင်းဆိုတော့ အဲဒီအပိုင်းတွေ ကျတော့ ကျနော်တို့နဲ့ မဆိုင်တော့ဘူး။ တရားရုံးအပိုင်းနဲ့ဆိုင်ပါလိမ့်မယ်။” တပ်သားနေ၀င်းအောင် ကိုယ်တိုင်ကကော ဒီဟာ သူကျူးလွန်ပါတယ်ဆိုတာ ၀န်ခံထားတာရှိလား။ “အဲဒါကို ကျနော်တို့က သိပ်အတိအကျ ပြောပြလို့ မဖြစ်နိုင်ဘူးခင်ဗျာ။ မဖြစ်နိုင်ဘူးဆိုတာ ကတော့ သူရဲ့ ပြုမှုကျူးလွန်တာ မကျူးလွန်ဘူးဆိုတာကတော့ သူတို့အပိုင်းပဲ။ ကျနော်တို့ကတော့ လာတိုင်လာရင် အဲဒီမှာ အမှုကို တည်ဆောက်ပြီးတော့မှ ခိုင်မာအောင်တည်ဆောက်ပြီးတော့မှ လုပ်ရမယ့်အပိုင်းပေါ့နော်။” ကလေးက အရမ်းငယ်နေသေးတဲ့အခါကျတော့ ကလေးမှာ ဘယ်လိုဒဏ်ချက်တွေရှိ တာမျိုးတွေ့ရှိလဲ။ “ကျနော်တို့ကတော့ ဆေးစာနဲ့ပဲ ဆေးရုံကို ပို့ထားပါတယ်။ ဆေးရုံကဆေးစာကတော့ လောလောဆယ် မရသေးပါဘူး။” အခု ရဲကတော့ မုဒိမ်းမှု ၃၇၆ နဲ့ ဖွင့်ထားတယ်ဆိုပေမယ့် ဒီအမှုက မြောက်လားဆိုတာ ဒီထက်တိကျတဲ့ အတည်ပြုချက်တွေ ဘယ်လိုမျိုးပြောလို့ရနိုင်မလဲ။ “အဲဒီဥစ္စကျတော့ ဆေးပညာအပိုင်း ကျန်းမာရေး အပိုင်းနဲ့ ဆိုင်သွားပါတယ်။ အဲဒီဥစ္စာကျတော့ လူနာကို ဆေးရုံပို့ပြီးတော့မှ ဒါထင်မြင်ချက်ပေးဖို့ တောင်းခံထားတဲ့အပိုင်းပါ။ မြောက်မမြောက်ဆိုတဲ့ဥစ္စာကျတော့ ဆေးရုံက ပြန်ကြားချက်ရမှပဲ ကျနော်တို့က သိရမှာဖြစ်ပါတယ်။” ဒီဖြစ်စဉ်အပေါ်မှာကော ဒု-ရဲအုပ်အနေနဲ့ ဘာမှတ်ချက်ပေးချင်လဲ။ “ဒါတော့ ဥပဒေအတိုင်းပဲ ဆောင်၇ွက်ပေးနေပါတယ်။”

A d v e r t i s e m e n t With Us

More News
Up