A d v e r t i s e m e n t With Us

စစ်ရေးဆိုင်ရာ ဂြိုဟ်တု ၃ လုံးပါ ဒုံးကျည် ရုရှား ပစ်လွှတ် (ရုပ်သံ)

ရုရှားနိုင်ငံဟာ စက်တင်ဘာ ၂၄ ရက်နေ့က စစ်ရေးဆိုင်ရာ ဂြိုဟ်တု ၃ လုံးကို တင်ဆောင်ထားတဲ့ ဒုံးကျည်တခုကို အာကာသထဲ ပစ်လွှတ်လိုက်ပါတယ်။ ရိုကော့ထ်ဒုံးကျည်ကို ရုရှားနိုင်ငံမြောက်ဘက်မှာရှိတဲ့ ပလက်ဆက်ခ် အာကာသစခန်းကနေ မော်စကိုမြို့ ရုရှားစံတော်ချိန် မနက်အစောကြီး ၁ နာရီအချိန်မှာ ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။ ကမ္ဘာပတ်လမ်းထဲ အောင်အောင်မြင်မြင် လွှတ်တင်လိုက်တဲ့ အဲဒီဒုံးကျည်ဟာ  ရုရှားကာကွယ်ရေးဝန်ကြီးဌာန အာကာသယာဉ် ၃ စီးကို တင်ဆောင်သွားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရိုကော့ထ် ဒုံးလွှတ်တင်ရေးယာဉ်ဟာ ရုရှားအစိုးရရဲ့ မဟာဗျူဟာကျ ဒုံးကျည်တပ်ဖွဲ့ကနေ ပယ်ဖျက်နေဆဲဖြစ်တဲ့ RS-18 ၂ ဆင့်ဒုံးကျည်ကို မွမ်းမံထားတာ ဖြစ်ပါတယ်။ ဒုံးကျည်လွှတ်တင်ယာဉ် ရိုကော့ထ်တွေကို ၂၀၀၀ ခုနှစ် မေ ၁၆ ရက်ကစပြီး ပလက်ဆက်ခ် အာကာသစခန်းကနေ အောင်အောင်မြင်မြင် လွှတ်တင်ခဲ့တဲ့ အကြိမ်ပေါင်း ၂၃ ကြိမ် ရှိသွားပြီလို့ ရုရှားမီဒီယာက ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up