အာဆင်နယ် – စပါးပွဲ လူ ၁၀ ဦး အဖမ်းခံရ

ဓာတ်ပုံ - ရိုက်တာ
စက်တင်ဘာ ၂၃ ရက်  ကယ်ပီတယ်ဝမ်း ဖလားပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ် နဲ့ တော့တင်ဟမ်ဟော့စပါးပွဲစဉ်မှာ လူ ၁၀ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်ကတော့ ရာဇ၀တ်မှု ဖြစ်တဲ့အတွက် ရဲတွေကို ကူညီသွားမယ်လို့ ပြောပါတယ်။ ပွဲသိမ်းခရာမှုတ်ခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းက ပရိသတ်တချို့ စပါးအသင်းရဲ့ ဆောင်ပုဒ်ကို ရေးထားတဲ့ စာတမ်းကို ဖြိုချခဲ့သလို ပြိုင်ဘက်အသင်းက ပရိသတ်နဲ့ ရန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြဿနာကို အာဆင်နယ်က သတိထားမိသလို အနှောင့်အယှက် အဟန့်အတား ဖြစ်ရပ်အတွက် စပါးအသင်းက တာဝန်ရှိသူတွေ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ စပါးရဲ့ကွင်းမှာ မြို့ခံပြိုင်ဘက် ၂ သင်း ကစားတဲ့ပွဲမှာ အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီဖြစ်ရပ်အတွက် စပါးနဲ့ အာဆင်နယ်ကိုတော့ အရေးယူသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

More News
Up