Home
မြန်မာသတင်း
ဂျပန်ကုမ္ပဏီ မြန်မာတွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်
DVB
·
September 24, 2015
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ဂျ ပန်ကုမ္ပဏီ ဆူမိတိုမိုကော်ပိုရေးရှင်းက မြန်မာနိုင်ငံမှာ ဓာတ်အားပေးစက်ရုံတရုံ တည် ဆောက်သွားမယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Nikkei သတင်းမှာ ဖော်ပြပါတယ်။ “လျှပ်စစ်စွမ်းအင်ဟာ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာအခြေခံအဆောက်အအုံကဏ္ဍမှာ အထူးသဖြင့် အလားအလားကောင်းတွေရှိနေတယ်” လို့  ဆူမိတိုမိုကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် နာကာမူရာက ပြောပါတယ်။ ဆူမိတိုမိုကော်ပိုရေးရှင်းဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အမ်ပီတီ)၊ ဂျပန်နိုင်ငံအခြေစိုက် ကေဒီဒီအိုင် တို့နဲ့အတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်နေ တာဖြစ်ပါတယ်။ နာကာမူရာက ကီလိုဝပ် ၁ သန်းထုတ်လုပ်နိုင်မယ့် ဓာတ်အားပေး စက်ရုံစီမံကိန်းပြုလုပ်နိုင်ဖို့ ဆုံးဖြတ်နေဆဲဖြစ်ပြီး ဆူမိတိုမိုအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ ကဏ္ဍမှာ အဓိကအစိတ်အပိုင်းဖြစ်လာမယ့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ဖို့ ရှာဖွေနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆူမိတိုမိုကော်ပိုရေးရှင်းဟာ ကီလိုဝပ် ၅ သောင်းထုတ်လုပ်နိုင်တဲ့ ဓာတ်ငွေ့စက်ရုံတရုံကို တည်ဆောက်ပြီး ဖြစ်တယ်လို့ Nikkei သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024