ချဲလ်ဆီးဆရာဝန် အသင်းကိုပြန်မလာသဖြင့် ဘောလုံးဆေးအဖွဲ့ စိတ်ပျက်

ဆျဲဆီးဆရာဝန် - အနီဝိုင်းပြထားသူ (ဓာတ်ပုံ - အေအက်ဖ်ပီ)
1K
အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးသို့ ဆရာဝန် အီဗာကာနယ်ရီယို ပြန်လာရေး ညှိနှိုင်းမှု မအောင်မြင်ဖြစ်ခဲ့တာကို စိတ်ပျက်မိတယ်လို့ ဘောလုံးဆေးအဖွဲ့ (အက်ဖ်အမ်အေ) က ပြောဆိုလိုက်ပါတယ်။
နည်းပြ မော်ရင်ဟိုက ဝေဖန်ခဲ့ပြီး သတင်းပတ် ၆ ပတ်အကြာ စက်တင်ဘာ ၂၂ ရက်က ကာနယ်ရီယိုက ချဲလ်ဆီးအသင်းကို စွန့်ခွာသွားပါတယ်။
ချဲလ်ဆီးမှာ ကာနယ်ရီယိုက ဆရာဝန်အဖြစ် ပြန်ပြီး အလုပ်မလုပ်တော့တဲ့အတွက် စိတ်ပျက်မိတယ်လို့ အက်ဖ်အမ်အေက ထုတ်ပြန်ချက်မှာ ရေးပါတယ်။
ကာနယ်ရီယိုက ဆက်သွယ်လာတဲ့အတွက် စိတ်ကျေနပ်လောက်စရာ ရလဒ်တခုရဖို့ အတွက် ထောက်ခံမှုအပြည့်ပေးခဲ့ပေမယ့် ကံမကောင်းတော့ ကြိုက်နှစ်သက်တဲ့ ရလဒ်မထွက်လာဘူးလို့ ဆိုပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း မော်ရင်ဟို အသုံးပြုခဲ့တဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး တိုင်တန်းချက်ကို ပြန်လည် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သြဂုတ် ၈ ရက် ဆွမ်ဆီးအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ ဟာဇက်ကို ကွင်းပြင်ထုတ်ပြီး ကုသခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေကို မော်ရင်ဟိုက အတွေ့အကြုံမရှိ နုံအတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ကာနယ်ရီယိုက ချဲလ်ဆီးအသင်း ဆရာဝန်ဖြစ်ပေမယ့် အခုလို ပြောခံရပြီးတဲ့နောက် လေ့ကျင့်ရေးသင်တန်း၊ အသင်းပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းခုံမှာ ထိုင်ခဲ့ခြင်း မရှိတော့ပါဘူး။