ဇေကမ္ဘာဝင်း ကိုကာကိုလာ ဂိုဒေါင် မီးလောင်မှု နောက်ဆက်တွဲ

963
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းထဲက ကိုကာကိုလာ အချိုရည် ဂိုဒေါင်မှာ ဒီနေ့မနက် ၇နာရီခွဲလောက်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုမှာ အခုနေ့လည် ၁၂ နာရီခွဲလောက် မှာတော့ မီးထိန်းလိုက်နိုင်ပြီဖြစ်ပြီး မီးခိုးငွေ့တွေက နေရာအနှံ့ ထွက်နေသေးလို့ မီးသတ်တပ်ဖွဲ့က ဆက်လက်ငြိမ်းသတ်နေရပါတယ်။
Level 3 အဆင့်သတ်မှတ်ထားတဲ့ ဒီမီးလောင်မှုမှာ လှည်းကူး၊ မှော်ဘီ၊ အလုံ၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တံတား စတဲ့ မြို့နယ်တွေက မီးသတ်ကားတွေလည်း လာရောက် ငြိမ်းသတ်ခဲ့ကြပါ တယ်။ လူထိခိုက် ဒဏ်ရာမရှိပေမယ့် အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရှိ ရသေးပါဘူး။
သတင်းဓာတ်ပုံ - ကောင်းထက်ကျော်