A d v e r t i s e m e n t With Us

စပိန်လာလီဂါ ဆယ်လ်တာဗီဂို ၄-၁ ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါ ချယ်ပီယံ ဘာစီလိုနာ အသင်းဟာ အခုနှစ်ရာသီ ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်လိုက်ရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ မနက်အစောပိုင်း ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အိမ်ရှင် ဆယ်လ်တာဗီဂို အသင်းကို ၄ ဂိုး  ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ၂၄ မိနစ်မှာ  အရင် ဘာစီလိုနာ ကစားသမားဟောင်း နော်လီတိုက ဆယ်လ်တာဗီဂိုအတွက် အဖွင့်ဂိုးကို စသွင်းပါတယ်။ မိနစ် ၃၀ နဲ့ ၅၆ မိနစ်တွေမှာ အက်စ်ပတ်က အနိုင်ဂိုးတွေကို ဆက်သွင်းပါတယ်။ မိနစ် ၈၀ မှာ ဘာစီလိုနာအတွက် နေမာက ချေပဂိုး ၁ ဂိုးပြန်သွင်းပြီးနောက် ၃ မိနစ်အကြာမှာ မန်ချက်စတာစီးတီး ကစားသမားဟောင်း ဂဒက်တီက အနိုင်ဂိုး ထပ်သွင်းခဲ့လို့ ၄ ဂိုး ၁ ဂိုး နဲ့ ဆယ်လ်တာဗီဂိုအသင်း အနိုင်ရရှိခဲ့ပါတယ်။ ဘာဆီလိုနာအသင်းဟာ ၅ ပွဲကစား ၁၂ မှတ်နဲ့ အဆင့် ၅ နေရာ ရောက်သွားပြီး ဆယ်လ်တာဗီဂို အသင်းကတော့ ၅ ပွဲကစား ၁၃ မှတ်နဲ့ ထိပ်ဆုံးအသင်း ရီးရဲလ်နဲ့ အမှတ်တူနေပြီး ဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up