ဆောက်လုပ်ရေး အလုပ်သမား ဗြိတိန်တော်ဝင်မင်းသား ညီအစ်ကို (ရုပ်သံ)

1.7K
ဗြိတိန်တော်ဝင်မင်းသား ဝီလျံနဲ့ ဟင်နရီတို့ ညီအစ်ကိုဟာ လူသူမနေတဲ့ လမ်းတလမ်းကို စစ်ပြန် စစ်မှုထမ်းဟောင်းတွေရဲ့ အိမ်ရာအဖြစ် တည်ဆောက်ရေး လုပ်ငန်းမှာ စက်တင်ဘာ ၂၃ ရက်နေ့က ကူညီခဲ့ကြပါတယ်။
တော်ဝင်ညီအစ်ကိုဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ဦးထုပ်တွေ၊ ဝတ်စုံတွေကို ဝတ်ထားခဲ့ကြပြီး ရာနဲ့ချီတဲ့ လုပ်အားပေးတွေ တည်ဆောက်သူတွေအနေနဲ့ ဘီဘီစီရုပ်သံရဲ့ ဒီအိုင်ဝိုင် အက်စ်အိုအက်စ် အစီအစဉ်မှာ ပေါ်လာခဲ့ကြတာပါ။
ဝီလျံက နံရံဆေးကူသုတ်ချိန်မှာ ဟင်နရီက လုပ်ဖော်ကိုင်ဘက်တွေကို စနောက်ရင်း ကျောက်စီနေခဲ့ပါတယ်။
အင်္ဂလန်အနောက်မြောက်ပိုင်း မန်ချက်စတာရပ်ကွက်က လူမနေတဲ့ လမ်းထဲမှာ အဆောက်အဦ ၈ လုံးကို မွမ်းမံပြင်ဆင်နေပြီး အိမ် ၆၂ လုံးကိုတော့ မျက်နှာစာနဲ့ အပြင်ပန်း ပြင်ဆင်မှုတွေ လုပ်နေတာပါ။
ပရဟိတအဖွဲ့တွေဖြစ်တဲ့ Walking With The Wounded နဲ့ the Royal British Legion အဖွဲ့အစည်းတွေက လည်ပတ်နေတဲ့ ထောက်ပံ့ရေးဌာနဟာ ကာယနဲ့ စိတ်ကျန်းမာရေး ကိစ္စတွေ ရှိနေတဲ့ စစ်သားဟောင်းတွေကို ကူညီမှာဖြစ်ပြီး ပြန်လည်လေ့ကျင့်ရေး သင်တန်းပေးမှာ ဖြစ်ပါတယ်။