ကယ်ပီတယ်ဝမ်းဖလား ဝေါလ်ရှယ် ၁-၄ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၂၃ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ကယ်ပီတယ်ဝမ်းဖလား တတိယအဆင့် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းက ဝေါလ်ရှယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ရာမီရက်စ်က ၁၀ မိနစ်မှာ ၁ ဂိုး၊ ရီမီက ၄၂ မိနစ်မှာ ၁ ဂိုး၊ ကန်နက်ဒီက ၅၂ မိနစ်မှာ ၁ ဂိုး၊ ပက်ဒရိုက မိနစ် ၉၀ မှာ ၁ ဂိုး သွင်းယူခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့တာပါ။ ဝေါလ်ရှယ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဂျိမ်းစ် အိုကွန်နာက ပထမပိုင်း ၄၅ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

More News
Up