အသေခံဗုံးခွဲသူ၏ ကျမျက်ရည် (ရုပ်သံ)

6K
စစ်ဖြစ်နေတဲ့ ဆီးရီးယားမှာ အသေခံဗုံးခွဲဖို့ မသွားမီ သူငယ်ချင်းတွေကို နှုတ်ဆက်ရာမှာ အသေခံဗုံးခွဲတဲ့သူတယောက် ငိုကြွေးနေတဲ့ ရုပ်သံဖိုင်ကို ဗြိတိန် မေးရားသတင်းဌာနက ပြသခဲ့ပါတယ်။
အာဆတ်တပ်ဖွဲ့တွေ အခိုင်အမာနေရာယူထားတဲ့ ရှီဟိုက်မြို့ ဖူအာမှာ ဥဇဘက်ကစ္စတန်က ဂျီဟတ် အသေခံဗုံးခွဲသူ ဂျာဖာအယ်လ်တေယာကို တပ်ဖွဲ့ဝင်တွေက နှုတ်ဆက်နေတာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ပေါ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေကို တပ်ဆင်ထားတဲ့ တေယာက တင့်ကားထဲ ၀င်တဲ့ အချိန်မှာ စတင်ငိုကြွေးနေတာ ဖြစ်ပါတယ်။
တပ်ဖွဲ့ဝင်တွေက မငိုဖို့နဲ့ မကြောက်ဖို့ ပြောကြားနေတာကိုလည်း ရုပ်သံမှာ ရိုက်ကူးထားပါတယ်။
မအောင်မြင်မှာကို စိုးရိမ်မိတယ်လို့ တေယာက သူရဲ့ ရဲဘော်ရဲဘက်တွေကို ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုပ်သံဖိုင်မှာ တေယာက အောင်မြင်အောင် လုပ်ဆောင်သွားနိုင်တဲ့အကြောင်း ပေါက်ကွဲမှုတွေကိုပြသပြီး အဆုံးသတ်ခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူတွေ ဘယ်လောက်သေဆုံး ဒဏ်ရာရသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ရုပ်သံဖိုင်ထဲက နောက်ခံစကားပြောသူရဲ့ အဆိုအရ သူက စိတ်ဆန္ဒအလျောက် ပထမဆုံး အသေခံဗုံးခွဲတဲ့ ဂျီဟတ်တိုက်ခိုက်ရေးသမား ဖြစ်တယ်လို့ ဆိုပါတယ်။
အယ်လ်ကိုင်းဒါးတွေနဲ့ ချိတ်ဆက်ပြီး တိုက်ခိုက်နေတဲ့ ဥဇဘက် ဦးဆောင်တဲ့ တိုက်ခိုက်ရေး အယ်လ်နျူရာ အဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အဖွဲ့အပါအ၀င် အကြမ်းဖက်အဖွဲ့တွေက အသေခံဗုံးခွဲဖို့ နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေကို အသုံးပြုလေ့ရှိပါတယ်။