A d v e r t i s e m e n t With Us

ဗီယက်နမ်တွင် လိင်ပိုင်းဇာတ်ဝင်ခန်းကို ၅ စက္ကန့်ခန့်သာ ခွင့်ပြုရန် အဆိုပြု

ရုပ်ရှင်ဇာတ်ကားတွေမှာ လိင်ပိုင်းဆိုင်ရာ အသားပေးတဲ့ ဇာတ်ဝင်ခန်းတွေကို ၃ ကနေ ၅ စက္ကန့် အတွင်းသာခွင့်ပြုဖို့ လုပ်ထုံးလုပ်နည်းသစ်ကို ဗီယက်နမ် ယဉ်ကျေးမှု အရာရှိတွေက အဆိုပြုခဲ့ကြပါတယ်။ ဒီအဆိုပြုချက်အပေါ် ရုပ်ရှင်ဖန်တီးသူတွေက မကြိုက်နှစ်သက်သလို ရုပ်ရှင်ကြိုက်နှစ်သက်သူတွေအတွက် လူမှုရေးကွန်ရက် မီဒီယာတွေပေါ်မှာ ပေါက်ကွဲစရာတခု ဖြစ်နေတယ်လို့ ဒီပီအန်သတင်းက ရေးပါတယ်။ အမျိုးသားရုပ်ရှင် ဗျူရိုအကြီးအကဲက လုပ်ထုံးလုပ်နည်းအသစ် အဆိုပြုချက်ကို စင်တင်ဘာ ၁၈ ရက် အစည်းအဝေးမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဒါရိုက်တာတွေကလည်း ဗီယက်နမ်မီဒီယာတွေကနေ ဒီကိစ္စအပေါ် မကျေနပ်တဲ့ အကြောင်း ပြောပါတယ်။ ဒါအပြင် ရုပ်ရှင်ကြည့်တဲ့သူ အသက်ကိုလည်း အနည်းဆုံး ၁၈ နှစ်ရှိရမယ်လို့ ကန့်သတ်လိုက်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်းကို အတည်မပြုခင် လူထုအသံကို နားထောင်ဖို့ ရှိနေတယ်လို့ ဗျူရိုအကြီးအကဲက ဆိုပါတယ်။ ဗီယက်နမ်မှာ ကာမရာဂစိတ်ကို နှိုးဆွတဲ့ ရုပ်ရှင်တွေက တရားမ၀င်သလို ကိုယ်လုံးတီး မင်းသမီး ဇာတ်ဝင်ခန်းတွေကိုလည်း ကန့်သတ်ထားပါတယ်။ ဗီယက်နမ် အေ စတူဒီယို အကြီးအကဲကတော့ လိင်ဆိုတာ သဘာဝ ဖြစ်စဉ်တခုဖြစ်ပြီး အနုပညာရှင်တွေအတွက် အချိန်အကန့် အသတ်ရှိဖို့ မလိုဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up