A d v e r t i s e m e n t With Us

ရေကြီးမြေပြိုမှုကြောင့် ချင်းပြည်နယ်တွင် အိမ် ၂၀၀၀ ခန့် ပြောင်းရွှေ့ရမည်

ချင်းပြည်နယ်ထဲက မြို့ ၉ မြို့မှာ သဘာဝဘေးအန္တရာယ်ကြောင့် မြေသားမခိုင်တာတွေ ဖြစ်ခဲ့ပြီး အိမ်ပေါင်း ၂ ထောင်လောက် ပြောင်းရွှေ့ရမယ်လို့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့လတွေက ရေကြီး မြေပြိုတာတွေကြောင့် ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ပလက်ဝ စတဲ့ မြို့ ၇ မြို့မှာ အိမ်ပေါင်း ၁၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ အဲဒီနောက် မြေသားမခိုင်မာတာတွေ ဖြစ်လာခဲ့တဲ့အတွက် အိမ်တွေမပျက်စီးပေမယ့် ပြောင်းရွှေ့ရမယ့် အခြေအနေတွေ ကြုံခဲ့ရပါတယ်။ စက်တင်ဘာ ၂၁ ရက်အထိ ရရှိတဲ့ စာရင်းတွေအရ မြို့နယ်အားလုံးက အိမ်ပေါင်း ၁၈၀၀ ကျော် ပြောင်းရွှေ့ရမှာပါ။ ပလက်ဝမြို့နယ်မှာ အများဆုံးပြောင်းရွှေ့ရမှာဖြစ်ပြီး အိမ်ပေါင်း ၅၈၀ ကျော်ပြောင်းရမှာပါ။ ပြီးတော့ ဟားခါးမှာ အိမ်ပေါင်း ၃၄၀၊ တီးတိန်မှာ အိမ်ပေါင်း ၃၇၀ ကျော် ပြောင်းရွှေ့ရမှာလည်း ဖြစ်ပါတယ်။ အဆိုးရွားဆုံးပျက်စီးခဲ့တဲ့ ဟားခါးမြို့မှာ အိမ်ပေါင်း ၅၃၀ ပျက်စီးခဲ့ပြီး ပလက်ဝမြို့နယ်မှာတော့ အိမ်ပေါင်း ၃၆၀ ကျော် ပျက်စီးခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up