အကြီးစား ရေကြီးခဲ့သည့် နယူးဇီလန် တွင် ဒေသခံများ ရှင်းလင်းရေးလုပ် (ရုပ်သံ)

2.3K
တောင်ကမ္ဘာခြမ်း နယူးဇီလန် နိုင်ငံမြောက်ပိုင်းက ဂျစ်ဘွန်းကျွန်းမှာ အကြီးအကျယ် မိုးရွာအပြီး အကြီးစား ရေကြီးခဲ့လို့ ဒေသခံတွေ စက်တင်ဘာ ၂၂ ရက်နေ့က ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်နေရပါတယ်။
၂၄ နာရီအတွင်း မိုးရေချိန် ၄ ဒသမ ၅လက်မကျော် ရွာအပြီး တူရန်ဂါနူ မြစ်ကမ်းပေါ်က အိမ်တွေ အဆိုးဆုံး ထိခိုက်ခဲ့တယ်လို့ နယူးဇီလန် မီဒီယာက အစီရင်ခံပါတယ်။
ဒေသတွင်း ရေပြန်ကျတဲ့အထိ လမ်းတချို့ကို ပိတ်ထားရဆဲပါ။