ဗီယက်နမ် တွင် အဆောက်အဦဟောင်း ပြိုကျ၊ လူ ၁ ဦးသေဆုံး (ရုပ်သံ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းက အဆောက်အဦဟောင်းတလုံး စက်တင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျခဲ့လို့ လူ ၁ ဦး သေဆုံးခဲ့ပါတယ်။ ထရန်ဟွမ်ဒေါင်လမ်းထဲက လူအယောက် ၂၀ လောက်နေတဲ့ ၂ ထပ် အဆောက်အဦဟာ မွန်းလွဲ ၁ နာရီ ထိုးခါနီးမှာ မတော်တဆ ဖြစ်ခဲ့တာပါ။ လူ ၁၅ ဦးကို ကယ်ထုတ်ခဲ့ရပြီး ၄ ဦး ဒဏ်ရာပြင်းထန်ကာ ၂ ဦးက အထဲမှာ ပိတ်မိနေဆဲပါ။ မီးသတ်ကား ၁၀ စီးနဲ့ လူနာတင်ယာဉ် ၅ စီးတို့ အခင်းဖြစ်ရာကို ရောက်လာပြီး ကူညီခဲ့သလို ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆက်လုပ်နေရပါတယ်။ ဒေသခံ အာဏာပိုင်တွေက မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေပါပြီ။ ဒီအဆောက်အဦကို ၁၉၅၅ ခုနှစ်တည်းက ဗီယက်နမ် ရထားကုမ္ပဏီက သုံးနေခဲ့တာပါ။ ဟနွိုင်းမှာ စက်တင်ဘာ ၂၁ ရက်နေ့ ညကတည်းက မိုးသည်းသည်းထန်ထန် ရွာနေခဲ့ပါတယ်။

More News
Up